Lucky 7 အအောင်မြင်ဆုံးကတ်ဂိမ်းဖြစ်သော Shan Koe Mi ကစားနည်း
Lucky 7 အအောင်မြင်ဆုံးကတ်ဂိမ်းဖြစ်သော Shan Koe Mi ကစားနည်း

Lucky 7 အအောင်မြင်ဆုံးကတ်ဂိမ်းဖြစ်သော Shan Koe Mi ကစားနည်း

Lucky 7-ကစားနည်းလည်ပတ်ပုံ

ကစားပွဲရဲ့အစမှာ ဒိုင် (Dealer) က ကစားဝိုင်းရဲ့သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို “ဘဏ် (Bank)” ထဲထည့်ရပါတယ်။
ပွဲမပြီးမချင်း (သို့) မကုန်မချင်း ဘဏ်မှာထည့်ထားတဲ့ပိုက်ဆံကို ဒိုင်ကထပ်ပေါင်းခွင့် ထုတ်ယူခွင့်မရှိပဲနဲ့ အလျော်အစားမှန်သမျှကို ဘဏ်ထဲကလုပ်ရပါတယ်။
ဒါပေမယ့် အချို့ဝိုင်းတွေမှာဆိုရင် ဒိုင်ကဘဏ်ထဲကပိုက်ဆံတွေအကုန် တစ်လှည့်ထဲနဲ့ရှုံးသွားခဲ့ရင် ဘဏ်ထဲကပမာဏထက် ၂ဆ ထပ်ထည့်ပြီးဒိုင်ဆက်လုပ်ခွင့်ရှိပါတယ်။
ဒီနည်းကတော့ ဝိုင်းအချို့မှာပဲတွေ့ရတာပါနော်။ သူ့ရဲ့ဘဏ်ထဲထည့်ထားတဲ့ ပမာဏက ၁၀၀၀ကျပ် ဆိုရင် ကစားသူတွေက အနည်းဆုံး ဘဏ်ပမာဏရဲ့ ၁၀% ကိုထည့်ရမှာဖြစ်တဲ့အတွက် ၁၀၀ အနိမ့်ဆုံးထည့်ကိုထည့်ရမှာပါ။
ဘဏ်ထဲမှာပိုက်ဆံမရှိတော့ဘူးဆိုရင် တော့ ဒိုင်ကိုနောက်တစ်ယောက်ပြောင်းရပြီးတော့ ဘဏ်ထဲကပိုက်ဆံသာ ၃ဆ ဖြစ်သွားခဲ့မယ်ဆိုရင် “Warning (ဝမ်တိမ်)” ၃လှည့်ခေါ်ခွင့်ရှိသွားတာမို့ ဒိုင်ကသာ “Warning (ဝမ်တိမ်)”
ခေါ်လိုက်မယ်ဆိုရင် ၃လှည့်အပြီးမှာ ဒိုင်နောက်တစ်ယောက်ပြောင်းရပါတယ်။
ကျွန်တော်တို့ခေါ်နေကြကတော့ ပထမတိမ်၊ ဒုတိယတိမ်၊ နောက်ဆုံးတိမ် လို့ဆိုပေမယ့် ဒေသအလိုက်အခေါ်အဝေါ်တွေတော့ကွဲတာပေါ့။ နောက်ဆုံးတိမ်အပြီးမှာ ဘဏ်ထဲဘယ်လောက်ပဲကျန်ကျန် ဒိုင်ကအကုန်ရယူနိုင်တာပါ။casino shan koe mee must win

Lucky 7 အအောင်မြင်ဆုံးကတ်ဂိမ်းဖြစ်သော Shan Koe Mi ကစားနည်း

Lucky 7-ရှမ်းကိုးမီးစည်းမျဉ်းများ

ကစားသူတိုင်း ဖဲချပ်၂ချပ်စီ ရမှာဖြစ်ပြီးတော့ ထပ်ဆွဲချင်ရင် နောက်ထပ်တစ်ကဒ်ပဲထပ်ဆွဲနိုင်ပါတယ်။
ဖဲဘယ်လိုတွက်ရလဲဆိုရင်တော့ ဖဲချပ်တန်ဖိုးတွေကိုပေါင်းပြီးတော့ အနောက်ပေါက်/ အနောက်ကိန်း ကိုကြည့်ရတာပါ။ ဒီနေရာမှာတော့ နံပါတ်မဟုတ်တဲ့ကတ်တွေရဲ့တန်ဖိုးတွေက
A = 1, K = 10, Q = 10, J = 10 ဆိုပြီးသတ်မှတ်တယ်။ (Joker ကိုတော့ ရှမ်းကိုးမီးမှာ ထည့်မဆော့ပါဘူး)
အဲ့တော့ ဥပမာ ဖဲချပ်ပေါင်းလို့ 17 ရတယ်ဆိုရင် “7”, 24 ရတယ်ဆိုရင် “4”, 32 ရတယ်ဆိုရင် “2” အဲ့လိုမျိုးအနောက် ကိန်းတွေကိုပဲယူရတာပါ။
အဲ့လိုမျိုး အနောက်ကိန်းကတူနေခဲ့မယ်ဆိုရင် အနိုင်အရှုံးကို ၂ချပ်သမားလား ၃ချပ်သမားလား အရင်ကြည့်ရတယ်။ ဥပမာ 7 ချင်းတူနေပေမယ့်လဲ ၂ချပ်ထဲနဲ့ 7 ရတဲ့သူက ၃ချပ်နဲ့ 7 ရတဲ့သူကိုနိုင်တယ်။
အဲ့မှာမှထပ်ပြီး အချပ်ရေလဲတူနေသေးတယ်ဆိုရင်တော့ ဖဲရဲ့ကိန်းတန်ဖိုးကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။
A ကအကြီးဆုံးဖြစ်ပြီးတော့ A, K, Q, J, 10, 9, ….., 2 ပြီးဖဲချပ်ရဲ့တန်ဖိုးကိုပြန်ကြည့်ရတယ်ဆိုတော့ ဥပမာ
4 + 3 = 7 သမားက 6 + A သမားကိုမနိုင်ဘူးဆိုတဲ့သဘောနဲ့ ဆက်ပြီးဆုံးဖြတ်တာပါ။ အဲ့မှာမှထပ်ပြီး အချပ်ရေရော ကိန်းတွေရော တူနေသေးမယ်ဆိုရင် အပွင့်ကိုကြည့်ရမယ့်အလှည့်ရောက်ပြီ။
အပွင့် ၄ ခုရှိတဲ့ထဲမှာ Spade ကအကြီးဆုံးဖြစ်ပြီးတော့ Spade(စပိတ်)၊ Heart(ဟက်)၊ Diamond(ဒေါင့်)၊ Club(ညှင်း) ဆိုပြီး Club ကအငယ်ဆုံးအနေနဲ့ကြည့်ရပါတယ်။
နောက်ပြီးတော့ ရှမ်းကိုးမီးမှာ ဖဲပွတ်ရတဲ့အဓိက Feeling ကဘာကြောင့်လဲဆိုရင် အပွင့်တူရင် ဆတိုးတွေရနိုင်တာမို့ပါ။ ဖဲ၂ချပ်မှာ အပွင့်တူ ၂ချပ် (ဥပမာ – ဒေါင့် + ဒေါင့်) ဆိုရင်ကိုယ့်လောင်းကြေးရဲ့ ၂ဆ၊ အပွင့်တူ ၃ချပ်
(ဥပမာ – ဒေါင့် + ဒေါင့် + ဒေါင့်) ဆိုရင် လောင်းကြေးရဲ့ ၃ဆ ပြန်ရတာပါ။s

發佈留言

發佈留言必須填寫的電子郵件地址不會公開。