Lucky 7 ကစားနည်းလည်ပတ်ပုံ-Lucky7 Casino-Lucky 7 Shan Koe Mee-Lucky7 ရှမ်းကိုးမီး
Lucky 7 ကစားနည်းလည်ပတ်ပုံ-Lucky7 Casino-Lucky 7 Shan Koe Mee-Lucky7 ရှမ်းကိုးမီး

Lucky 7 ကစားနည်းလည်ပတ်ပုံ-Lucky7 Casino-Lucky 7 Shan Koe Mee-Lucky7 ရှမ်းကိုးမီး

မြန်မာရဲ့လူကြီးလူငယ်မရွေးနားလည်ပြီး လူဆော့အများဆုံးဖဲကစားနည်းဆိုရင် “ ရှမ်းကိုးမီး “ ကိုပြေးမြင်ကြမှာအမှန်ပါပဲ။
လောင်းကြေးနဲ့ပဲဖြစ်ဖြစ် အပျော်သဘောပဲဖြစ်ဖြစ် ကစားရတာ လွယ်ကူပြီးနားလည်ရလွယ်တာကြောင့် မြန်မာနိုင်ငံနေရာအနှံအပြင် အခြားအိမ်နီးချင်းနိုင်ငံတွေကပါ စိတ်ဝင်စားလာကြပါတယ်။
သိုသော်လည်း ရှမ်းကိုးမီးကိုကစားဖိုအတွက် တိကျတဲ့ Rule ဆိုပြီးသတ်မှတ်ထုတ်ပြန်ထားတာမရှိတဲ့အတွက် တစ်ဦးနဲ့တစ်ဦးလက်ဆင့်ကမ်းပြီးဆော့ကစားလာတာ ကြာလာတဲ့အခါမှာတော့ စည်းမျဉ်းတွေကလဲ
တဖြေးဖြေးသွေဖယ်ပြောင်းလဲလာသလို အသစ်တိုးလာတာတွေလဲရှိနေပါတယ်။ အဲ့တာကြောင့် ဒီနေ့မှာတော့ မြန်မာရဲ့အောင်မြင်ကျော်ကြားဆုံး ဖဲကစားနည်း ရှမ်းကိုးမီး ကိုစနစ်ကျကျဘယ်လိုဆော့ရမလဲဆိုတာ ရှင်းပြလိုက်ပါတယ်နော်။

Lucky 7 ကစားနည်းလည်ပတ်ပုံ
ကစားပွဲရဲ့အစမှာ ဒိုင် (Dealer) က ကစားဝိုင်းရဲ့သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို “ဘဏ် (Bank)” ထဲထည့်ရပါတယ်။
ပွဲမပြီးမချင်း (သို) မကုန်မချင်း ဘဏ်မှာထည့်ထားတဲ့ပိုက်ဆံကို ဒိုင်ကထပ်ပေါင်းခွင့် ထုတ်ယူခွင့်မရှိပဲနဲ့ အလျော်အစားမှန်သမျှကို ဘဏ်ထဲကလုပ်ရပါတယ်။
ဒါပေမယ့် အချိုဝိုင်းတွေမှာဆိုရင် ဒိုင်ကဘဏ်ထဲကပိုက်ဆံတွေအကုန် တစ်လှည့်ထဲနဲ့ရှုးသွားခဲ့ရင် ဘဏ်ထဲကပမာဏထက် ၂ဆ ထပ်ထည့်ပြီးဒိုင်ဆက်လုပ်ခွင့်ရှိပါတယ်။
ဒီနည်းကတော့ ဝိုင်းအချိုမှာပဲတွေ့ရတာပါနော်။ သူ့ရဲ့ဘဏ်ထဲထည့်ထားတဲ့ ပမာဏက ၁၀၀၀ကျပ် ဆိုရင် ကစားသူတွေက အနည်းဆုံး ဘဏ်ပမာဏရဲ့ ၁၀% ကိုထည့်ရမှာဖြစ်တဲ့အတွက် ၁၀၀ အနိမ့်ဆုံးထည့်ကိုထည့်ရမှာပါ။
ဘဏ်ထဲမှာပိုက်ဆံမရှိတော့ဘူးဆိုရင် တော့ ဒိုင်ကိုနောက်တစ်ယောက်ပြောင်းရပြီးတော့ ဘဏ်ထဲကပိုက်ဆံသာ ၃ဆ ဖြစ်သွားခဲ့မယ်ဆိုရင် “Warning (ဝမ်တိမ်)” ၃လှည့်ခေါ်ခွင့်ရှိသွားတာမို ဒိုင်ကသာ “Warning (ဝမ်တိမ်)”
ခေါ်လိုက်မယ်ဆိုရင် ၃လှည့်အပြီးမှာ ဒိုင်နောက်တစ်ယောက်ပြောင်းရပါတယ်။
ကျွန်တော်တိုခေါ်နေကြကတော့ ပထမတိမ်၊ ဒုတိယတိမ်၊ နောက်ဆုံးတိမ် လိုဆိုပေမယ့် ဒေသအလိုက်အခေါ်အဝေါ်တွေတော့ကွဲတာပေါ့။ နောက်ဆုံးတိမ်အပြီးမှာ ဘဏ်ထဲဘယ်လောက်ပဲကျန်ကျန် ဒိုင်ကအကုန်ရယူနိုင်တာပါ။

Lucky 7-Lucky 7-Slot game

Lucky 7 ရှမ်းကိုးမီးစည်းမျဉ်းများ

ကစားသူတိုင်း ဖဲချပ်၂ချပ်စီ ရမှာဖြစ်ပြီးတော့ ထပ်ဆွဲချင်ရင် နောက်ထပ်တစ်ကဒ်ပဲထပ်ဆွဲနိုင်ပါတယ်။
ဖဲဘယ်လိုတွက်ရလဲဆိုရင်တော့ ဖဲချပ်တန်ဖိုးတွေကိုပေါင်းပြီးတော့ အနောက်ပေါက်/ အနောက်ကိန်း ကိုကြည့်ရတာပါ။ ဒီနေရာမှာတော့ နံပါတ်မဟုတ်တဲ့ကတ်တွေရဲ့တန်ဖိုးတွေက
A = 1, K = 10, Q = 10, J = 10 ဆိုပြီးသတ်မှတ်တယ်။ (Joker ကိုတော့ ရှမ်းကိုးမီးမှာ ထည့်မဆော့ပါဘူး)
အဲ့တော့ ဥပမာ ဖဲချပ်ပေါင်းလို 17 ရတယ်ဆိုရင် “7”, 24 ရတယ်ဆိုရင် “4”, 32 ရတယ်ဆိုရင် “2” အဲ့လိုမျိုးအနောက် ကိန်းတွေကိုပဲယူရတာပါ။
အဲ့လိုမျိုး အနောက်ကိန်းကတူနေခဲ့မယ်ဆိုရင် အနိုင်အရှုးကို ၂ချပ်သမားလား ၃ချပ်သမားလား အရင်ကြည့်ရတယ်။ ဥပမာ 7 ချင်းတူနေပေမယ့်လဲ ၂ချပ်ထဲနဲ့ 7 ရတဲ့သူက ၃ချပ်နဲ့ 7 ရတဲ့သူကိုနိုင်တယ်။
အဲ့မှာမှထပ်ပြီး အချပ်ရေလဲတူနေသေးတယ်ဆိုရင်တော့ ဖဲရဲ့ကိန်းတန်ဖိုးကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။
A ကအကြီးဆုံးဖြစ်ပြီးတော့ A, K, Q, J, 10, 9, ….., 2 ပြီးဖဲချပ်ရဲ့တန်ဖိုးကိုပြန်ကြည့်ရတယ်ဆိုတော့ ဥပမာ
4 + 3 = 7 သမားက 6 + A သမားကိုမနိုင်ဘူးဆိုတဲ့သဘောနဲ့ ဆက်ပြီးဆုံးဖြတ်တာပါ။ အဲ့မှာမှထပ်ပြီး အချပ်ရေရော ကိန်းတွေရော တူနေသေးမယ်ဆိုရင် အပွင့်ကိုကြည့်ရမယ့်အလှည့်ရောက်ပြီ။
အပွင့် ၄ ခုရှိတဲ့ထဲမှာ Spade ကအကြီးဆုံးဖြစ်ပြီးတော့ Spade(စပိတ်)၊ Heart(ဟက်)၊ Diamond(ဒေါင့်)၊ Club(ညှင်း) ဆိုပြီး Club ကအငယ်ဆုံးအနေနဲ့ကြည့်ရပါတယ်။
နောက်ပြီးတော့ ရှမ်းကိုးမီးမှာ ဖဲပွတ်ရတဲ့အဓိက Feeling ကဘာကြောင့်လဲဆိုရင် အပွင့်တူရင် ဆတိုးတွေရနိုင်တာမိုပါ။ ဖဲ၂ချပ်မှာ အပွင့်တူ ၂ချပ် (ဥပမာ – ဒေါင့် + ဒေါင့်) ဆိုရင်ကိုယ့်လောင်းကြေးရဲ့ ၂ဆ၊ အပွင့်တူ ၃ချပ်
(ဥပမာ – ဒေါင့် + ဒေါင့် + ဒေါင့်) ဆိုရင် လောင်းကြေးရဲ့ ၃ဆ ပြန်ရတာပါ။

ဒိုင်ရဲ့ဘေးကစပြီးတော့ လက်ယာရစ်/လက်ဝဲရစ် ( ဒါကတော့ကစားသူတွေရဲ့ နားလည်မှုနဲ့ဆုံးဖြတ်ပါတယ်) ပတ်ပြီးတော့ ကစားသူတစ်ဦးချင်းက ဆွဲမလားမဆွဲဘူးလား တစ်ယောက်တစ်လှည့်စီဆုံးဖြစ်ရတယ်။
ပြီးရင်တော့ဒိုင်က ကိုယ် Catch(ဖမ်း) ချင်တဲ့သူကိုပဲရွေးဖမ်းပြီး ကိုယ့်ဖဲနဲ့ယှဉ်ပြီးအလျော်အစားအရင်လုပ်လိုက်လို လဲရသလို ဆွဲပြီးတော့မှ ဖမ်းလဲရပါတယ်။

ညဘက်ကစားရင် နိုင်ဖို့အခွင့်အရေးပိုများတယ် shan koe mee 777


ဒီကစားနည်းမှာ ဖဲ၂ချပ်နဲ့ 8 (သို) 9 ရမယ်ဆိုရင် “ဒို” လိုသတ်မှတ်ပြီးတော့ ပွဲမစခင်ထဲက ဒိုတယ်ဆိုပြီးလှန်ချလိုက်လိုရတယ်။ ဒါပေမယ့် 8 ဒိုကို 9 ဒိုကနိုင်သလိုပဲ ဒိုအတူတူချင်းယှဉ်ရင်တောင် အပေါ်မှာရှင်းပြခဲ့သလိုပဲ
ကဒ်ရဲ့တန်ဖိုးရယ် အပွင့်ရယ်ကိုကြည့်ပြီး အနိုင်အရှုးဆုံးဖြတ်ရပါတယ်။
ရှမ်းကိုးမီးမှာ ကိန်းအရရော အပွင့်အရရောအကြီးဆုံး ၂ချပ်အတွဲက Spade A + Spade 8 ( စပိတ် A + စပိတ် 8) ပါ။
ဒီအတွဲကိုသာရမယ်ဆိုရင်တော့ အဲ့ဝိုင်းအတွက် ကိုယ်ကဘုရင်ပါပဲ!

發佈留言

發佈留言必須填寫的電子郵件地址不會公開。